ရန်ကုန် ဇွန် ၇
ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း ဓာတ်အားလိုင်းများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အလုံမြို့နယ် သစ်တောလမ်း၊ ကျောင်းလမ်း၊ သဇင်လမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းတစ်လျှောက်တွင်ဆောင် ရွက်ကြသည်။
ထို့အပြင် 6.6kV Hilltop Feeder မှဆွေးမြေ့ Underground T- pillar ပုံးများ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဟောင်းနွမ်း နေသည့် Spacer များ အသစ်လဲလှယ်ခြင်းကို ဇွန်၆ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အလုံမြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပန်းယျာဉ်နှင့် အားကစားကွင်းများဌာန ဝန်ထမ်းများ၊ စုစုပေါင်း ၄၅ ဦး၊ Pluck form Truck တစ်စီး၊ အမှိုက်သိမ်းယာဉ် ငါးစီးတို့ဖြင့်ဆောင်ရွက်ကြသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် အလုံမြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြသည်။
ချစ်ဆောင်(YESC)