ပရက်ဂ် ၊ ဇွန် ၇
ချက်သမ္မတနိုင်ငံတွင် ခရီးသည် တင် ရထားတစ်စင်းနှင့်ကုန်တင် ရထားတစ်စင်းတို့ တိုက်မိခြင်းကြောင့် လူလေးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာ ရထားကြောင်း ဒေသအုပ်ချုပ်ရေးမှူး က ဇွန် ၆ ရက်တွင် ပြောသည်။
အဆိုပါ ရထားနှစ်စင်းတိုက်မှုသည် ပရက်ဂ်မြို့ရှိ နိုင်ငံ၏ အဓိက မီး ရထားလမ်းအစိတ်အပိုင်း တစ်နေရာ မှ နိုင်ငံအရှေ့ပိုင်းကို ဆက်သွယ် ရာနေရာဖြစ်သည့် ပါရ်ဒူဘစ်မြို့အနီး တွင် ဖြစ်ပွားခြင်းဖြစ်သည်။
ချက်သမ္မတနိုင်ငံ မီးရထားအုပ်ချုပ် ရေးရုံးလက်အောက်ရှိ မီးသတ်ဌာန ပြောခွင့်ရသူကမူ ယခုဖြစ်စဉ်အတွင်း လူအများအပြားသည် ပြင်းထန်ဒဏ်ရာ များ ရရှိထားပြီး ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားသည်။
(ref:AP)