နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် F -35 တိုက်လေယာဉ်များ အစ္စရေးထပ်မံဝယ်ယူမည်

ဂျေရုဆလင်၊ ဇွန် ၇

အမေရိကန် လော့ဟိခ်မာတင် ကုမ္ပဏီက ထုတ်လုပ်သည့် အဆင့်မြင့် F-35 ကိုယ်ပျောက်တိုက်လေယာဉ် တတိယမြောက်အုပ်စုအတွက် လေ ယာဉ် ၂၅ စင်း ထပ်မံဝယ်ယူရန် ဒေါ်လာသုံးဘီလီယံတန်ဖိုးရှိ သဘော တူညီချက်တစ်ရပ်ကို အစ္စရေး စစ်တပ် က လက်မှတ်ရေးထိုးလိုက်သည်။ 

အစ္စရေးကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂါးလန့်၏ ပြောကြားချက်အရ အဆိုပါ သဘောတူညီချက်ကြောင့် အစ္စရေးလေတပ်တွင် အမေရိကန် F-35 တိုက်လေယာဉ် ၇၅ စင်းအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်သို့ တစ်နှစ်လျှင် တိုက်လေယာဉ် သုံးစင်းမှ ငါးစင်း နှုန်းကို လာမည့် ၂၀၂၈ ခုနှစ်တွင် စတင် ပို့ဆောင်မည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးသည် ကိုယ်ပျောက် စွမ်းရည်ရှိပြီး ထောက်လှမ်းရေးနှင့် ရန်သူ့နယ်မြေအတွင်း နက်ရှိုင်းစွာ ထိုးဖောက်တိုက်ခိုက်ရန် ပေါင်းစပ် အသုံးပြုနိုင်သည့် ကမ္ဘာ့အဆင့်မြင့်ဆုံး F-35 တိုက်လေယာဉ်များ ပိုင်ဆိုင် ထားသည့် တစ်ခုတည်းသော အရှေ့ အလယ်ပိုင်းနိုင်ငံဖြစ်သည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ