နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီရောက် ရွှေ့ပြောင်းများ အယ်လ်ဘေးနီးယား၌ ထားရှိမည်

ရောမ၊ ဇွန် ၇

အီတလီရောက် ရွှေ့ပြောင်းနေထိုင် သူများကို အယ်လ်ဘေးနီးယား၌ ထားရှိမည်ဖြစ်ပြီး လက်ရှိတွင် ဆောက် လုပ်ရေးလုပ်သားများသည် ယင်း တို့ကိုထားရှိမည့် စင်တာကို ကြိုးစား ပမ်းစား ပြင်ဆင်နေကြောင်း သိရသည်။ 

အယ်လ်ဘေးနီးယားရှိ ယခင်စစ်ဘက် လေတပ်စခန်းဟောင်း တစ်ခုကို အီတလီ က  ရွှေ့ပြောင်း နေထိုင်သူများ စင်တာ အဖြစ်  ပြောင်းလဲရန် စီစဉ်နေခြင်း ဖြစ်ပြီး ပင်လယ်ပြင်မှ ကယ်ဆယ်ထား သည့် ရွှေ့ပြောင်းနေထိုင်သူများကို ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေ့ပြောင်းများ၏ ခိုလှုံခွင့် လျှောက်လွှာများကို စိစစ်ဆောင်ရွက် နေချိန်အတွင်း ယင်းတို့ကို လက်ခံ ထားရှိရန် ဂေဒါမြို့နှင့်ပင်လယ် ကမ်းစပ်ရှန်းဂျင်မြို့တို့တွင် စင်တာ တစ်ခုစီ ထူထောင်ရန်လည်း အယ်လ် ဘေးနီးယားနှင့်သဘောတူညီထား သည်ဟု ဆိုသည်။

ယခုကဲ့သို့  ပြည်ပတွင် ရွှေ့ပြောင်း စင်တာထားရှိခြင်းသည် ခိုလှုံခွင့်တောင်း ခံမှုများ သို့မဟုတ် အယူခံမှုများကို အီတလီတရားရုံးများက လျင်မြန်စွာ ကိုင်တွယ်ရန် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက ဝေဖန်လျက်ရှိသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ