ဝါရှင်တန်၊ ဇွန် ၇
အမေရိကန်ပြည်ထောင်စု တောင်ဘက်ခြမ်းနှင့်အနောက် တောင်ပိုင်းဒေသများတွင် ယခုနှစ် အတွင်း ပထမဆုံးအကြိမ် ကြီးမား သည့် အပူလှိုင်းတစ်ရပ် စတင်ကျ ရောက်နေကြောင်း သိရသည်။
အပူလှိုင်းဖြတ်သန်းမှုကြောင့် ဒေသတွင်း နေ့အပူချိန်များမြင့်တက် နေပြီး ပြည်သူ ၁၇သန်း ခန့်ကို အပူဒဏ်အဓိက သတိပြုနေထိုင်နေ ရန် အမေရိကန် အမျိုးသား မိုးလေဝ သဌာနက သတိပေးချက် ထုတ်ပြန် ထားသည်။
တက္ကဆက်၊ အရီဇိုးနား၊ကယ်လီ ဖိုးနီးယား၊ ယူတား၊ နယူးမက္ကဆီကို နှင့်နီဗားဒါး အပါအဝင် ပြည်နယ် အများစုတွင် နေ့အပူချိန် ၃၂ဒီဂရီမှ ၃၇ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ရှိ နိုင်ကြောင်း ခန့်မှန်းထားသည်။
အပူဒဏ်သတိပေးချက် ထုတ်ပြန် ရာတွင် ပါဝင်သည့် ဒေသအများစု၌ ပြင်းထန်သည့် အပူအန္တရာယ်အဆင့် လေးဆင့်ရှိသည့်အနက် အဆင့်သုံး ကို ကြုံတွေ့နေရပြီး ယင်းသည် အပူ ဒဏ်နှင့်ဆက်စပ်ပြီး အသက်ဘေးကြုံ ရနိုင်သည့် ဖျားနာမှုမျိုး ဖြစ်စေနိုင် ခြင်းကြောင့် ကြိုတင်သတိပြုကာကွယ် နေထိုင်ရန် အာဏာပိုင်များက အကြံပြု ထားသည်။
(ref:Reuters)