ဟနွိုင်း၊ ဇွန် ၇
ဗီယက်နမ်နိုင်ငံကို အလည်အပတ် ရောက်ရှိလာသည့် နယူးဇီလန် နိုင်ငံခြား ရေးဝန်ကြီး ဝင်စတန်ပီတာစ်သည် ဟနွိုင်းမြို့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်နှင့် တွေ့ဆုံလျက်ရှိသည်။
ပီတာစ်သည် ၂၀၂၃ခုနှစ် နိုဝင်ဘာ တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စတင်တာဝန်ယူပြီးနောက် ပထမဆုံး အနေဖြင့် အရှေ့တောင်အာရှကို ခရီး ထွက်လာခြင်းဖြစ်ပြီး ၂၀၂၆ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန် ဒေါ်လာ သုံးဘီလီယံအထိ တိုးမြှင့် သွားရန် သဘောတူညီမှုများ ပြုလုပ်နေ ကြောင်း သိရသည်။
ဗီယက်နမ်၏ စိုက်ပျိုးရေး စွမ်းရည်ကို မြှင့်တင်ပြီး ထုတ်ကုန်များ တင်ပို့ရန်အတွက် နယူးဇီလန်က ဒေါ်လာခြောက်သန်းကျော် ထောက်ပံ့ ထားကာ လာမည့်နှစ်များအတွင်း အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှု ခိုင်မာစေရန် ရည်ရွယ်ကြောင်း ပြောကြား သည်။
ဗီယက်နမ်နှင့် နယူးဇီလန်တို့သည် ၁၉၇၅ ခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး နှစ် နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည်နှင့် ၂၀၂၅ ခုနှစ် တွင် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး ငါးနှစ်မြောက် အခမ်း အနားကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
(ref:CNA)