မြန်မာနိုင်ငံသည် စပါးအဓိက စိုက်ပျိုးသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးဖြိုင်ဖြိုင် ရွာသော ကာလများတွင် ကောက်စိုက်လေ့ရှိသော်လည်း အောက် ပိုင်းအရပ်ဒေသများတွင် ရေတော် မိုးတော် အနေအထားအရ စိုက် ပျိုးလျက်ရှိသည်။
တောင်သူလယ်သမားကြီးတို့အဆိုအရ ထယ်ရေးကောင်းမှ သမန်းကောင်းမည်ဆိုသည့်အတိုင်း မစိုက်ပျိုးမီ ထယ်ရေးကောင်း အောင် ထွန်ယက်ခြင်းအလုပ်သည် အဓိက ဖြစ်သည်။
စီးသည့်ရေ ဆယ်သည့်ကန်သင်း ဆိုရိုးစကားကဲ့သို့ လိုအပ် သော မိုးရေများကို ထိန်းသိမ်းသိုလှောင်နိုင်ရန်နှင့် ကန်သင်းပေါင် ကောင်းမွန်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရသည်။ လယ်ယာလုပ်ငန်းခွင် ထယ်ရေးညက်ပြီး သမန်းကောင်းအောင် ဆောင်ရွက်ခြင်းသည် ကောက်စိုက်ခြင်းလုပ်ငန်းတွင် အရေး အကြီးဆုံး အလုပ်ဖြစ်သည်။
စိုက်ပျိုးရေးပညာရှင်တို့၏ အဆိုအရ သိပ္ပံနည်းကျစိုက်ပျိုးနည်း စနစ်များ လိုက်နာခြင်း၊ စပါးအထွက်ကို တိုးစေသော်လည်း ကောက်ကွက်များမစိတ်လွန်း မကျဲလွန်း စိုက်ပျိုးခြင်းဖြင့် စပါး အထွက်တိုးစေနိုင်သည်။
သိပ္ပံနည်းကျ စိုက်နည်းတွင် အထွက်နှုန်းပိုမိုထွက်ရှိရန် ကျယ် ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးရာတွင် မျိုးကွဲနုတ်ပယ်ခြင်း ဓာတ်မြေသြဇာနှင့် သဘာ၀မြေသြဇာစနစ်တကျ ပေါင်းစပ်သုံးစွဲ ရေးနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ် ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ တိုက်ကြီးခရိုင်အတွက် ၂၀၂၄ ခုနှစ် မိုးစပါးချေးငွေ ၆၄၈၅ ဒသမ ၇ ကျပ်သန်းအား ပေးအပ် သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်ရိုက်အစေ့ချ ကိရိယာ Seeder ဖြင့် နွေစပါးစိုက်ပျိုးခဲ့သည့် တောင်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့၍ ယခု မိုးစပါး ကိုလည်း Seeder ဖြင့် စိုက်ပျိုးကြရန်နှင့် Seeder ဖြင့် စိုက်ပျိုးခြင်း ဖြင့် အကုန်အကျသက်သာ၍ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိ နိုင်သည့် အခြေအနေများကို မှာကြားခဲ့သည်။
စပါးတစ်နှစ်ထက်တစ်နှစ် အထွက်နှုန်း ကောင်းလာပါမှ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘ၀တိုးတက်လာမည်ဖြစ် ရာ စပါးစိုက်ပျိုးရာတွင် သိပ္ပံနည်းကျ စိုက်ပျိုးခြင်းကို တိုးချဲ့ဆောင် ရွက်စေချင်ကြောင်း ။ ။