နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၇၄) နှစ်မြောက် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်းအထိမ်းအမှတ် ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဇွန် ၆

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်မြောက် အထိမ်းအမှတ် ပညာသင်ကြားရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ တတိယတန်း ကျောင်းသား၊ ကျောင်းသူများက တောင်ယာဝင်ချိန် သီချင်းနှင့် ကောက်စိုက်ချိန် သီချင်းတို့ဖြင့် ကပြ ဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ် ကြီး Mr.Chen Hai က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်ခုရဲ့ အရေးအကြီးဆုံး အပိုင်းတစ်ခု ဖြစ်တဲ့ ပညာရေးကဏ္ဍကို တခြားနိုင်ငံများနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကောင်းသည်ထက်ကောင်းအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်နေတာမျိုးကို သိမြင်ပြီး မိတ်ဆွေနိုင်ငံပီသစွာနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီ ဆောင်ရွက်ပေးနေခြင်းမျိုး ပြုလုပ်ဆောင်ရွက်ပေးခြင်းအတွက် ကောင်းမွန်တဲ့ မိတ်ဆွေကောင်းများအဖြစ် အကူအညီပေးနေမှုကို အသိအမှတ်ပြုပါကြောင်းနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံမှုသည် တစ်နှစ်ထက်တစ်နှစ် နက်ရှိုင်းလာပြီး ချစ်ကြည် ရင်းနှီးသော လူမှုရေးအခြေခံကို တိုးချဲ့ကာ မြန်မာ- တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်၍ တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံး ချင်းဆက်နွယ်မှုကို အထောက်အကူပြုရန်အတွက် ကျင်းပခြင်းဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး Mr.Chen Hai နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လှူဒါန်းပစ္စည်းများပေးအပ်ပြီး တရုတ်နိုင်ငံကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံဆိုင်ရာရုံးမှ Country Director Ms. Lin Yuan က စားနပ်ရိက္ခာထုပ်များ ပေးအပ် ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီးထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဆဋ္ဌမတန်းကျောင်းသူ မဂျူးသိမ့် နဒီက ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကပြဖျော်ဖြေခဲ့ကြ သော ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ စုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ပန်းချီဆွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ 







ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ