နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ကြီးမြို့နယ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်

ရန်ကုန်   ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်း တောင် သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ၂ဝ၂၄ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေး ငွေ ပေးအပ်ခြင်းအခမ်းအနား ကို ဇွန် ၄ ရက်က တိုက်ကြီး မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား သည်။

ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ရန်ကုန်တိုင်း ဒေသကြီးဘဏ်ခွဲမှ တိုင်း ဒေသကြီးမန်နေဂျာဦးသိန်းဇော် က ရန်ကုန်တိုင်းဒေသကြီး အတွင်း စိုက်ပျိုးစရိတ်ချေးငွေ နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ကတိုက်ကြီး ခရိုင်အတွက် ၂ဝ၂၄ ခုနှစ်၊ မိုးစပါးချေးငွေ (၆၄၈၅ ဒသမ ၇၀) ကျပ်သန်းအား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများကတိုက်ကြီး မြို့နယ်အတွင်းရှိ တောင်သူ များအား စိုက်ပျိုးစရိတ်ချေးငွေ များကိုလည်းကောင်း ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က တိုက်ရိုက်အစေ့ ချကိရိယာ  Seeder ဖြင့် နွေစပါး စိုက်ပျိုးခဲ့သည့် တောင်သူများ အနေဖြင့် ပန်းတိုင်ရည်မှန်းချက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့၍ ယခု မိုးစပါးကိုလည်း Seeder ဖြင့် စိုက်ပျိုးကြရန်နှင့် Seeder ဖြင့် စိုက်ပျိုးခြင်းဖြင့် အကုန်အကျ သက်သာ၍ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိနိုင်သည့် အချက် များနှင့်လိုအပ်သည်များ ပြော ကြားသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)

ဝန်ကြီးချုပ်က တိုက်ရိုက်အစေ့ချကိရိ ယာ  Seeder ဖြင့်နွေစပါးစိုက်ပျိုးခဲ့သည့်တောင်သူများ အနေ ဖြင့်ပန်းတိုင်ရည်မှန်းချက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့၍ယခုမိုးစပါးကိုလည်း.Seeder ဖြင့်စိုက်ပျိုးကြရန်နှင့် Seeder ဖြင့်စိုက်ပျိုးခြင်းဖြင့် အကုန် အကျသက်သာ၍ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိနိုင်သည့်အချက်များနှင့်လိုအပ်သည့်များကိုပြောကြားခဲ့ကြောင်းသိရသည်။








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ