နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာသုန္ဒရာရာမ ခိုင်သစ္စာ ကျောင်းတိုက်ကြီးသုံးထပ်သိမ်ကျောင်းတော်ကြီး ပန္နက်တော်တင်မင်္ဂလာနှင့် အလှူတော်ငွေပေးအပ်လှူဒါန်း

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သစ်ဆိမ့်ကုန်း ရပ်ကွက်၊ မဟာသုန္ဒရာရာမ ခိုင်သစ္စာကျောင်းတိုက်ကြီး အတွင်း၌  သုံးထပ်သိမ်ကျောင်း တော်ကြီး ပန္နက်တော်တင်မင်္ဂလာ နှင့်အလှူတော်ငွေပေးအပ်လှူ ဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနား ဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဇေယျာလူမှု ထူးချွန်ပထမအဆင့် ဆရာတော် ဘဒ္ဒန္တအာဝုဓထံမှ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလှူရှင် များနှင့် ဧည့်ပရိသတ်များက  ငါးပါးသီလခံယူဆောက်တည် ကြသည်။

ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တ ကောဝိဒ ဆရာတော်အရှင်သူ မြတ်အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်တော် မူကြသည်။

၎င်းနောက် ဆရာတော်၊ သံဃာတော်များအား 

တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် အလှူရှင်မိသားစုများ က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍  သုံးထပ်သိမ် ကျောင်းတော်ကြီး ဆောက်လုပ် လှူဒါန်းနိုင်ရေး အလှူရှင်များက အလှူတော်ငွေများ ပေးအပ် လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူပေးကြသည်။

ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောဝိဒ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်း ဒေသကြီး ဝန်ကြီးများနှင့်အလှူ ရှင်မိသားစုတို့က သတ်မှတ် နေရာအသီးသီး၌ မင်္ဂလာအချိန် တွင် ပန္နက်တော်တင်ပေးကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" ”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသည်။








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ