ဇွန် ၄ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများကတွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၂၀ ဦးဖြင့် ကျောင်း တွင်းရှိ မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေ များ၊ သဲခဲများလှည်းကျင်းရှင်းလင်းခြင်း၊ မြေပိုများရှင်းလင်းခြင်း၊သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း အတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ကျောင်းတွင်း ကျောင်းပြင်သန့် ရှင်းရေးပြုလုပ်ခြင်း၊ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့်မြောင်း ချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်းတို့ကိုဆောင်ရွက်ကြစဉ်။
ယဉ်မွန်