ကိုလံဘို၊ ဇွန် ၆
သီရိလင်္ကာနိုင်ငံတွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး သွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန် ၅ ရက်တွင် ပြောသည်။
နိုင်ငံအတွင်းရှိ ခရိုင် ၂၅ ခရိုင်အနက် ၁၃ ခုသည် ရေလွှမ်းမိုးမှုဒဏ်ခံရပြီး မြစ်ငါးစင်းတွင် ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သီရိလင်္ကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခြင်းနှင့်ဓာတ်အား လိုင်းများ ပြတ်တောက်ခြင်းတို့ ဖြစ် ပေါ်ကာ လူပေါင်း ၁၆၀,၀၀၀ နီးပါး ထိခိုက်လျက်ရှိကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံးဝပျက်စီးသွားသည့် နေအိမ် များအတွက် ပြန်လည်တည်ဆောက်ရေး အဆိုပြုချက်ကို အစိုးရက အတည် ပြုပေးထားပြီး ကျောင်းအချို့ပြန်ဖွင့် နေသော်လည်း ဂမ်ပါဟာနှင့် မာတာရာ မြို့များတွင်မူ ရေဖုံးလွှမ်းနေခြင်းကြောင့် ကျောင်းများ ဆက်လက်ပိတ်ထား ကြောင်း သိရသည်။
(ref: CNA)