ဝါရှင်တန်၊ဇွန် ၆
ပလူတိုဂြိုဟ်၏ ရေခဲမျက်နှာပြင် အောက်တွင် သမုဒ္ဒရာကြီး တည်ရှိ နေသည့် အထောက်အထားကို နက္ခတ္တ ပညာရှင်များက တွေ့ရှိထားကြောင်း သိရသည်။
ဝါရှင်တန်တက္ကသိုလ်မှ အဲလက်စ် ငုယင် ဦးဆောင်သည့် ပညာရှင်များသည် ပလူတိုဂြိုဟ် မျက်နှာပြင်အောက် သမုဒ္ဒရာကို စူးစမ်းလေ့လာ လျက်ရှိရာ ပလူတိုဂြိုဟ်သည် နေကို ၅ ဒသမ၉ ဘီလီယံ ကီလိုမီတာအကွာမှ လှည့်ပတ် ပြီး တစ်ပတ်ပြည့်ရန် ကမ္ဘာ့ သက်တမ်း ၂၄၈ နှစ်ခန့် ကြာမြင့်ကြောင်း သိရသည်။
အဓိကအားဖြင့် ကျောက်များ၊ ရေခဲ များဖြင့် ဖွဲ့စည်းထားပြီး နိုက်ထရိုဂျင်၊ မီသိန်း၊ ကာဗွန်မိုနောက်ဆိုဒ်တို့ဖြင့် ပါးလွှာသည့် လေထုရှိကြောင်း၊မျက်နှာ ပြင်အပူချိန်သည် အနုတ် ၂၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အေးခြင်းကြောင့် ဓာတ်ငွေ့များအေးခဲကာ အရည်မတည် ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြော သည်။
သို့ရာတွင် မကြာသေးမီကတွေ့ရှိ ချက်များအရ ရေခဲမျက်နှာပြင်အောက် တွင် သမုဒ္ဒရာကြီးရှိနေနိုင်သည်ဟု ယူဆ လာကြပြီးလွန်ခဲ့ သည့် နှစ်ဘီလီယံခန့် က ဧရာမဥက္ကာခဲကြီးကြောင့်ဖြစ်ပေါ် လာသည့် ချိုင့်ဝှမ်းကြီးသည် သမုဒ္ဒရာ တည်ရှိကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။
ပလူတို၏ သမုဒ္ဒရာသည်ကမ္ဘာ မြေရှိ ပင်လယ်ရေထက် ရှစ်ရာခိုင်နှုန်း ခန့် ပိုမိုသိပ်သည်းမည်ဟု ယူဆထားပြီး အာကာသအေဂျင်စီများအနေဖြင့် ပလူတိုသို့ သွားရောက်မည့် အစီအစဉ် မရှိသော်လည်း အနာဂတ်စူးစမ်း လေ့လာရေးနှင့်သုတေသနအတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုင်သည်ဟု ဆိုသည်။
(ref:Daily Mail)