ကီယက်ဗ်၊ ဇွန် ၆
ယူကရိန်းနိုင်ငံအတွင်း ရုရှား ထိန်းချုပ်ထားသည့် ဇာပိုရစ်ရှီအာ နျူကလီယား ဓာတ်အားပေးစက်ရုံ ဝန်းကျင်တွင် တိုက်ခိုက်မှုများ ဖြစ်ပွား နေသရွေ့ စက်ရုံကို ပြန်စတင်လည် ပတ်ရန် ဘေးကင်းမည်မဟုတ်ကြောင်း IAEA အကြီးအကဲ ရာဖယ်ဂရောက်ဇီ က ဇွန် ၅ ရက်တွင် ပြောသည်။
ဥရောပ၏ အကြီးဆုံး နျူကလီယား ဓာတ်အားပေးစက်ရုံဖြစ်သည့်အဆိုပါ စက်ရုံကို ပြန်လည်ပတ်ရန် ရုရှား အစိုးရက မျှော်လင့်လျက်ရှိ သော်လည်း ဘေးကင်းရေးအကြောင်းပြချက်ဖြင့် စက်ရုံထဲရှိ ဓာတ်ပေါင်းဖို ခြောက်လုံးကို ပိတ်ထားရန် နိုင်ငံတကာ အနုမြူ စွမ်းအင်အေဂျင်စီ IAEA က ထောက်ခံ ချက် ပေးထားသည်။
IAEA ၏ ၃၅ နိုင်ငံ အုပ်ချုပ်ရေးမှူး များ ဘုတ်အဖွဲ့၏ သုံးလပတ် အစည်း အဝေးတွင် စက်ရုံကို ပြန်အသက် သွင်းရန် အစီအစဉ် မရှိသေးကြောင်း ရာဖယ်ဂရောက်ဇီက ပြောကြား လိုက်ခြင်းဖြစ်သည်။
စက်ရုံကို ဘေးကင်းစွာ ပြန်လည် ပတ်မှု မပြုလုပ်မီ အရေးကြီးသည့်အဆင့် အချို့လုပ်ဆောင်ရန်လိုကြောင်း မစ္စတာ ဂရောက်ဇီက ပြောသည်။
(ref: Reuters)