နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးလောက်လမ်း နှိမ်နင်းရေး

သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင် ထားသည့် အေးဒီးစ်ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ် သည်။ အဆိုပါခြင်သည် နေ့အခါတွင် အစာရှာထွက်လေ့ရှိပြီး လူ၏ အရေပြားမှ‌သွေးစုပ်ယူတတ်သည်။

 သွေးလွန်တုပ်ကွေးအန္တရာယ်မှကာကွယ်ရန် အရေးကြီးဆုံး သောအချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင်ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့် အခါ ခြင်ထောင်ဖြင့်အိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

 သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်စေသည့် ခြင်များမိမိတို့ အိမ်၊ ရုံး၊ ကျောင်းပတ်ဝန်းကျင်တွင် ပေါက်ပွားခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊စစ်ဟူသော ဆောင်ပုဒ်အတိုင်း ပိုးလောက်လမ်းနှိမ်နင်းရေးကို အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် သတိပြုဆောင်ရွက်သင့်၏။

 သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်စေသည့် ခြင်သည် ရေကြည် ရေသန့်တွင် ပေါက်ပွားတတ်သောကြောင့် အိုးများ၊ ရေကန်များကို ဖုံးအုပ်ထားသင့်၏။    ပိုးလောက်လမ်းများ မပေါက်ပွားစေရန် သက်ဆိုင်ရာဌာနများက၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင်ဆေး စိပ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိပတ်ဝန်းကျင်တွင် ချုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင်စီမံခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်သည်။

အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါသည် ဆင်ခြေဖုံး ရပ်ကွက်များတွင် အဖြစ်များတတ်ပြီး ပိုးလောက်လမ်းနှိမ်နင်းရေး ကို တစ်လနှစ်ကြိမ်ဆောင်ရွက်သင့်သည်။  အေးဒီးစ်ခြင်များ အကိုက်ခံရမှုကြောင့် ယင်းသယ်ဆောင်လာသော သွေးလွန်တုပ်ကွေး ရောဂါဗိုင်းရပ်ပိုးများ ပျံ့နှံ့သွားပြီးရောဂါကူးစက်ခံရခြင်းဖြစ်သည်။

 သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်အမျိုးအစားဖြစ် ‌သော်လည်း ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားမှသာလျှင် သွေးလွန် တုပ်ကွေးသည် အမှန်တကယ်ဖြစ်စေနိုင်သည်။ အဆိုပါခြင်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူတစ်ဦးကို ကိုက်ပြီးအခြားတစ်ဦး ကိုကိုက်မှသာလျှင် ရောဂါဖြစ်ပွားစေနိုင်သည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားပါက အမြန်ဆုံးဆေးရုံသို့သွား‌ရောက်ကုသရန် အရေးကြီး သည်။

သို့ဖြစ်ရာ သွေးလွန်တုပ်ကွေးရောဂါ၏အဓိကဖြစ်သော ပိုးလောက်လမ်းနှိမ်နင်းရေးကို သက်ဆိုင်ရာဌာနများနှင့်အတူ  အားကြိုးမာန်တက်ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။    






အခြားဆက်စပ်သတင်းများ