နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဖွံ့ဖြိုးရေး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်အဝင် လမ်း ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင် တုန်းလမ်းဆုံရှိ ဘုရင့်နောင် ပန်းခြံတိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများနှင့်ရန်ကုန်မြို့တော် ရေပေးဝေရေး ဇုန်(၉)ရေစု ကန်နှင့်ရေတွန်းစက်ရုံတည် ဆောက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ဘုရင့်နောင်တံတား‌ အောက် ပန်းခြံတည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆နာရီခွဲတွင်  လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေပြည်သာတံတားလမ်း နှင့် အနော်ရထာလမ်းဆုံအဝိုင်း မှထန်းတပင်မြို့နယ်၊ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ရှေ့ အထိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်                 အဝင်လမ်းကို အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က မူလ ကွန်ကရစ်လမ်းသား ၃၃ ပေ ကို ပေ ၄၀ ကွန်ကရစ်လမ်း တိုးချဲ့ခင်းကျင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေး ရေမြောင်းများ စနစ်တကျ ဖောက်လုပ်ရန်၊လမ်းသားတိုး ချဲ့ခြင်းလုပ်ငန်း ပြီးစီးပါက လမ်းညွှန်းအမှတ်အသားများ စနစ်တကျရေးဆွဲရန်၊လမ်းတိုး ချဲ့မှုလုပ်ငန်းဆောင်ရွက်နေစဉ် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ် စေရေးအလေးထားဆောင်ရွက် ရန်တို့ကို မှာကြားကာလိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ 

ထိုမှတစ်ဆင့်မြို့တော်ဝန် နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ် လမ်းနှင့် ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်ရေးလုပ် ငန်းခွင်သို့သွားရောက်၍ ဘုရင့် နောင် ပန်းခြံတိုးချဲ့မြေနေရာနှင့် ရန်ကုန်-ညောင်တုန်းလမ်း ကြားရှိ ရေမြောင်းကို အင်ဂျင် နီယာဌာန(ရေစီး‌ရေလာစီမံ ခန့်ခွဲမှု)က အရှည် ၁၁၀၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်းတည် ဆောက်ပြီးစီးမှု၊ ရန်ကုန်-ညောင်တုန်းလမ်းဘက်တိုးချဲ့ ပန်းခြံအဝင်နေရာတွင် အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)က အရှည် ၃၂ ပေ၊  အကျယ် ၈ ပေ ၊ အနက် ၆ ပေ Box Culvert တည်ဆောက်ပြီးစီးမှု၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ)က အလျား ၁၀၈ ပေ၊  အနံ ၅၈ ပေ ဘက်စုံသုံး  အဆောက်အဦ တည်ဆောက် နေမှု၊ ဘုရင့်နောင်ပန်းခြံ တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း အင်ဂျင်နီယာဌာန(ရေ နှင့်သန့်ရှင်းမှု)က ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန်(၉)၏အလျား ၁၂၅ ပေ၊ အနံ ၃၀ ပေ၊ အနက် ၁၁ ပေရှိ ရေဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေစုကန်နှင့် ရေတွန်းစက်ရုံတည်ဆောက် နေမှု၊ ဘုရင့်နောင်ပန်းခြံတိုးချဲ့ မြေနေရာနှင့် ရန်ကုန်-ပုသိမ် လမ်းကြားရှိ ရေမြောင်းကို အင်ဂျင်နီယာဌာန(ရေစီး‌ရေလာ စီမံခန့်ခွဲမှု)က အရှည် ၁၀၅၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်း တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး မြို့တော်ဝန်က ဘက်စုံသုံး အဆောက်အဦပတ်လည်ရေဝပ် မှုမရှိစေရေး ကွန်ကရစ်ခင်း ကျင်းပြီး အုတ်ရေမြောင်းတည် ဆောက်ရန်နှင့်ဘက်စုံသုံး                       အဆောက်အဦပတ်လည် ပန်း အလှပင်များစိုက်ပျိုးရန်၊လုပ် ငန်းများသတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အမြန်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေး ဆောင်ရွက်ရန်တို့ကိုမှာ ကြားကာ လိုအပ်သည်များဖြည့် ဆည်း ဆောင်ရွက်ပေးသည်။ ဘုရင့်နောင်ပန်းခြံတိုးချဲ့မြေ နေရာတွင် မူလပန်းခြံ၊ (၄)ဧက အကျယ်အဝန်းရှိသည့်ပျော်ပွဲ ရွှင်ပွဲကျင်းပရာနေရာ၊အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေရှိသည့် ဘက်စုံသုံးအဆောက်အဦ၊ အလျား ၁၂၅ ပေ၊ အနံ ၃၀ ပေရှိသည့် ရေစုကန်နှင့်ရေတွန်း စက်၊ သန့်စင်ခန်းနှင့် ကားရပ် နားရန် နေရာများပါရှိမည်ဖြစ် သည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်  လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ်၊ အမှတ် (၄) ရပ် ကွက် ဘုရင့်နောင်တံတား‌သို့ သွားရောက်၍ ဘုရင့်နောင် တံတား အောက် ပန်းခြံရှိရေကန် ကို အင်ဂျင်နီယာဌာန(ရေစီးရေ လာစီမံခန့်ခွဲမှု)က စက်ယန္တရား များဖြင့် ရေကန်အတွင်းရှိ နုန်းများဆယ်ယူနေမှု၊ ပန်း ဥယျာဉ်နှင့်အားကစားကွင်း များဌာနက မြေယာရှုခင်းကောင်း မွန်စေရန် ယိုးဒယားဘဲစား မြက်၊ စင်ကာပူချယ်ရီပင်များ၊ ဘွန်ဆိုင်းပင်များ၊ ရောင်စုံစက္ကူ ပန်းပင်များနှင့် Poulownia ပင်စိုက်ပျိုးထားရှိမှု၊တံတား အောက်တွင် ယာဉ်ရပ်နားရန် ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ရေကန်အတွင်း ဆယ်ယူထွက်ရှိသည့် နုန်းမြေ များကို ကန်ပေါင်ဘေးပတ် လည်တွင် မြေဖို့ထားရှိရန်၊ မိုး ရွာသွန်းမှုကြောင့်တံတားပေါ်မှ ကျသည့်ရေများ စနစ်တကျစီး ဆင်းမှုရှိစေရေး ရေမြောင်းများ ဖောက်လုပ်ရန်၊ ပန်းခြံအတွင်း သန့်ရှင်းသာယာလှပ မှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ သတင်း-ရဲနန္ဒာလင်းမြင့်








ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ