နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဧပြီလ ၇ ရက်က COVID-19 ကြောင့် လူသေဆုံးမှုမရှိခဲ့

ဧပြီ ၇၊ ဘေဂျင်း လွန်ခဲ့သည့် ဇန်နဝါရီလတွင် နေ့စဉ် ကူးစက်၊ သေဆုံးမှုစာရင်း စတင်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီလ ၇ ရက်က တရုတ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူမရှိခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြသည်။ ပြီးခဲ့သည့်တနင်္လာနေ့က တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃၉ ဦး ရှိခဲ့သော်လည်း ဧပြီလ ၇ ရက်က တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၃၂ ဦးသာ ရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။ တရုတ်အစိုးရအနေဖြင့် COVID-19 ကူးစက်၊ သေဆုံးသူအရေအတွက်ကို လျှော့ချဖော်ပြနေခြင်း ရှိ၊ မရှိ မျက်ခြည်မပြတ် စောင့်ကြည့်ခံရချိန်တွင် COVID-19 ကြောင့် တစ်ရက်အတွင်း လူသေဆုံးမှု လုံးဝမရှိဆိုသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ COVID-19 စတင်ကူးစက်ပျံ့နှံ့ရာဖြစ်သည့် တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၈၁၇၄၀ ရှိပြီး လူ ၃၃၃၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ဧပြီလ ၇ ရက်က တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် COVID-19 ကူးစက်ခံရသူအားလုံးမှာ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများဖြစ်သည်။ ပြည်ပမှ ဝင်ရောက်လာသူများကြောင့် ရောဂါကူးစက်မှု ဒုတိယလှိုင်း ကြုံရမည်ကို တရုတ်နိုင်ငံက စိုးရိမ်ပူပန်နေပြီး နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားကာ လေကြောင်းလိုင်းများကို လျှော့ချပြေးဆွဲရန် စည်းမျဉ်းထုတ်ပြန်ထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ