နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီတဂူစက္ခုဒါန အဆင့်မြင့်ဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေး

ရန်ကုန် ဇွန် ၅

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင်အဘိဓ ဇမဟာရဋ္ဌဂုရု၊သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးကိုယ်တိုင်ဦးဆောင်၍ သီတဂူမျက်စိအထူးကု အဖွဲ့ကဦးစီးကာ အထူးကုဆရာဝန်ကြီးများနှင့်သူနာပြုဆရာမ များ၊ ခေတ်မီစမ်းသပ်စစ်ဆေးသော စက်ကြီးများဖြင့်အခမဲ့ခွဲစိတ် ကုသမှုများကို မေ ၃၁ ရက်မှ ဇွန် ၇ ရက် အထိဆောင်ရွက် ပေးလျက်ရှိရာဇွန် ၄ ရက် အထိမျက်စိဝေဒနာရှင် (၁၈၆၇)ဦးအား စမ်းသပ်စစ်ဆေးပြီး၊ မျက်စိဝေဒနာရှင် (၄၁၂)ဦးအား အမြင်အလှူ ပေးလှူခဲ့သည်။

အဆိုပါ အခမဲ့စမ်းသပ်ခွဲစိတ်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းရှိကမ္ဘာ့သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)ကိုးထပ်ကျောင်းဆောင်၌ ဆောင်ရွက် ပေးလျက်ရှိသည်။ သီတဂူမျက်စိဒါန အဆင့်မြင့်ဆေးရုံကြီးသို့ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်များ လာရောက်ပြသ လျက်ရှိရာ ဇွန် ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့်အိန္ဒိယနိုင်ငံ၏ အထူးကိုယ်စားလှယ်များလာရောက်လေ့လာကြည့်ရှုပြီး ဆရာတော်ကြီးအားဖူးမြော်ကြသည်။

သီတဂူဆရာတော်ကြီးသည် ၁၉၉၀ပြည့်နှစ် မတ် ၁၀ ရက် တွင်စစ်ကိုင်းတောင်ရိုး၌ သီတဂူအာယုဒါနဆေးရုံတော်ကို စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါတွင်သီတဂူဆေးရုံတော်များကို တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင်ဖွင့်လှစ်ပေးခဲ့ရာ ဆေးရုံတော်ပေါင်း (၄၄) ရုံထိ ဖွင့်လှစ်ခဲ့ပြီး မျက်စိဝေဒနာရှင်ပေါင်းနှစ်သန်းကိုကြည့်ရှုပေးရာ ငါးသိန်းခန့်ကိုမျက်စိအလင်းအလှူပေးနိုင်ခဲ့သည်။    

 







အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ