နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်မှထာဝစဉ်ရှင်သန်ဖွံ့ဖြိုးရေးကြိုးပမ်း

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအကျိုးဆက် များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့်နိုင်ငံများ စာရင်းတွင် ပါဝင်နေသည်။ ၂၀၂၄ ခုနှစ် နွေရာသီတွင် အယ်နီညိုဖြစ်စဉ် ကြုံတွေ့ရပြီး အကျိုးဆက်အနေဖြင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။

၂၀၂၄ ဧပြီလအတွင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့ အပူချိန်များမြင့်မားခဲ့ရာ မြန်မာနိုင်ငံ အလယ်ပိုင်းချောက်မြို့သည် ဧပြီ ၂၈ရက်တွင် နေ့အပူချိန် ၄၈ ဒသမ ၂ ဒီကရီ ဆဲလ်စီးယပ်စ် အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန်အမြင့်မားဆုံးမြို့အဖြစ် လည်းကောင်း၊ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦးမြို့နှင့်စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅မြို့စာရင်းတွင် ပါဝင်ခဲ့သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းသည် လူသားတို့ ပြုလုပ် ခဲ့ကြသည့် အပြုအမူများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရခြင်းကို အကြောင်းရင်းခံ၍ ပြန်လည် ကောင်းမွန်လာအောင် ထိန်းသိမ်းရန်မှာလည်း လူသားတစ်ရပ်လုံး ၏ တာဝန်ဖြစ်သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရေးကြီးလိုအပ်ချက်ကို သတိမူစေရန် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် က ၁၉၇၃ ခုနှစ်မှစကာ နှစ်စဉ် ဇွန် ၅ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်၍ ကမ္ဘာတစ်ဝန်းတွင် ကျင်းပ လျက်ရှိသည်။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်သစ်ပင်စိုက်ပွဲများ ကျင်းပလာခဲ့သည်မှာ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ ရှစ်ကြိမ်၊ ပျိုးပင်ပေါင်း ၁၂၄၅၅ ပင်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက သစ်ပင်စိုက်ပျိုးပွဲ ရှစ်ကြိမ်၊ ပျိုးပင်ပေါင်း ၃၀၁၅၄ ပင် အောင်မြင်  စွာ စိုက်ပျိုးနိုင်ခဲ့သည်။ နိုင်ငံနှင့်အဝန်း မိုးကြိုနှင့်မိုးရာသီ သစ်ပင်စိုက်ပွဲပေါင်း ၁၁၄၇ ပွဲ၊ ပျိုးပင်ပေါင်း ၃၀၁၅၄ ပင် စိုက်ပျိုးခဲ့ သည်။

ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများ အပါ အဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည်ဟု သိရသည်။ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင် နေရာအသီးသီးတွင်လည်း ဒေသအလိုက် သင့်တော်သည့် အရိပ်ရပင်များ၊လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ မြစ်၊ ချောင်း တစ်လျှောက် သစ်ပင်များ  စိုက်ပျိုးထိန်းသိမ်းရန်၊ ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန် စသည့် သစ်ပင် သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန် ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ