ရန်ကုန် ဇွန် ၅
ယခုနှစ် သရက်သီးရာသီတွင် အရည်အသွေးကောင်း စိန်တလုံးသရက်သီး ထွက်ရှိမှုလျော့ကျခြင်းကြောင့် ဈေးကောင်း ရရှိသော်လည်း ပြည်ပသို့တင်ပို့နိုင်မှု လျော့ကျကြောင်း သိရသည်။
ယခုနှစ် သရက်ရာသီတွင် ပြည်တွင်း သရက်သီးထွက်ရှိမှု လျော့ကျသကဲ့သို့ ရာသီဥတု ပူပြင်းမှုကြောင့်လည်း အသီးအရွယ် ကြီးထွားမှုနည်းကာ ပို့ကုန်အရည်အသွေးကောင်း သရက်သီးတင်ပို့ နိုင်မှု လျော့ကျနေခြင်းဖြစ်သည်။
ယခင်နှစ်က ပြည်ပသို့ စိန်တလုံးသရက်သီး တန်ချိန် (၅၀) ကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် (၂၀) ကျော်သာ တင်ပို့နိုင်ကာ ပြည်တွင်းဈေးကွက်တွင်လည်း တန်ချိန် (၁၅)တန်ခန့် သာ ရောင်းချနိုင်ကြောင်း သိရသည်။
ပြည်ပသို့ စိန်တလုံး သရက်သီးတင်ပို့မှုကို သင်္ဘောတင်နှင့် လေကြောင်းလိုင်းများမှ တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့ရာတွင်လည်း သယ်ယူစရိတ်မြင့်မားခြင်းကြောင့် တင်ပို့မှု လျော့နေခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် စိန်တလုံးသရက် (၁၆)ကီလို တစ်ခြင်း လျှင် ငွေကျပ် ၄၅၀၀၀မှ - ၅၀၀၀၀ ထိဈေးကောင်း ရရှိကြောင်း သိရသည်။
(008)