နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းသင်တန်း ကျင်းပ

ရန်ကုန်   ဇွန် ၅

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်း ခြင်း သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ ကြီး၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟို စာရင်းအင်းရုံးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်    သာယာရေးအဖွဲ့တို့မှ သင်တန်းသား/သင်တန်း သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ စီမံရေးရာဌာန၊ ဒုတိယဌာနမှူး ဦးအမ်လှသောင်းက အမှာစကားပြောကြားရာတွင် “ယနေ့ပို့ချသည့်သင်တန်းသည် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာသည့်အချိန်တွင်မိမိ တို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ပျက်စီးဆုံး ရှုံးမှုစာရင်းများ ကောက်ခံရာ၌ စနစ်တကျနှင့် တစ်ပြေးညီဖြစ်စေရန် လိုအပ်ကြောင်း၊ ယခင်ဗဟို စာရင်းအင်းအဖွဲ့သို့ ကောက်ခံပေးပို့ရာတွင် ဗဟို အဆင့်နှင့်အမျိုးသားအဆင့်များသို့ ရောက်ရှိသည့် အခါ စာရင်းများ ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုသဘာဝဘေး အန္တရာယ်ဖြစ်ပွား၍ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူရာတွင် ကွာဟချက်မရှိစေရန်နှင့် ကောင်းမွန် မှန်ကန်သည့် စာရင်းများရရှိစေရန် ရည်ရွယ်ပြီး သင်တန်းပို့ချခြင်းဖြစ်ကြောင်း၊စာရင်း ကောက်ခံရာတွင် ကောက်ခံရမည့်အချက်အလက် များအလိုက် ကဏ္ဍ (၁၇)ခုပါဝင်ပြီး        အပိုင်း(၃)သည် ဌာနဆိုင်ရာအားလုံးနှင့်သက်ဆိုင်ပြီး ကျန် အပိုင်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သီးခြားစီ    ကောက်ခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် တိုင်းဒေသကြီးစည်ပင်သာယာအဖွဲ့အနေ ဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်း (၁၇)ခုအနက် ကဏ္ဍလေး ငါးခုတွင် ပါဝင်ပတ်သက်နေသည့်အတွက် ယနေ့မြို့တော်ခန်းမတွင် တိုင်း ဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့မှ သီးခြားလာရောက် ပို့ချရှင်းလင်း ပေး ခြင်းဖြစ်ကြောင်း” ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကနဦးလိုအပ်ချက် စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ် ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ အတွင်းရေး မှူး၊ ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းရုံး၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်လှက သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူမှုပုံစံ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းရုံးမှတာဝန် ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ အတွက် စာရင်းကောက်ယူမှုပုံစံတွင် ပါဝင်သည့် ကဏ္ဍများဖြစ် သည့် ဘေးသင့်အိမ်ထောင်စု/လူဦးရေ (ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ)၊ လူနေအဆောက်အဦ ပျက်စီးဆုံးရှုံးမှု (ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ)၊ အစိုးရကဏ္ဍ ပျက်စီးဆုံးရှုံးမှု(အစိုးရ ဌာနဆိုင်ရာများအားလုံး)၊ ပုဂ္ဂလိကကဏ္ဍ ပျက်စီးဆုံးရှုံးမှု (စာရင်း ကောက်ယူရေးအဖွဲ့)၊ ပညာရေး ကဏ္ဍပျက်စီးဆုံးရှုံးမှု(ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ)၊ ကျန်းမာရေးကဏ္ဍပျက်စီး ဆုံးရှုံးမှု (ကျန်းမာရေးဝန်ကြီးဌာန)၊ ဘာသာရေးကဏ္ဍပျက်စီးဆုံးရှုံးမှု(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သက်ဆိုင်ရာအဖွဲ့ အစည်းများ)၊ ပိုင်ဆိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု (သက်ဆိုင်သည့် ဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ)၊ မြေအမျိုးအစား နှင့်သီးနှံ(စိုက်ဧက)များ ပျက်စီးဆုံးရှုံးမှု (စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ တိရစ္ဆာန်ပျက်စီးဆုံးရှုံးမှု (စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)၊ လမ်း/တံတားများ ပျက်စီးဆုံးရှုံးမှု (ဆောက် လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ ကျေးလက်လမ်းဦးစီးဌာန)၊ ဆည်မြောင်း၊ တာတမံ နှင့် ရေအရင်းအမြစ် ကဏ္ဍပျက်စီးဆုံးရှုံးမှု (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန) ၊ ပို့ဆောင်ရေးကဏ္ဍပျက်စီးဆုံးရှုံးမှု (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဆက်သွယ်ရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှု (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ စွမ်းအင်ကဏ္ဍပျက်စီးဆုံးရှုံးမှု (စွမ်းအင်ဝန်ကြီးဌာန)၊ သစ်တော ကဏ္ဍ ပျက်စီးဆုံးရှုံးမှု (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန)၊ လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ (သက်ဆိုင်သည့်ဌာနများအားလုံး) စသည့်စာရင်းကောက်ယူမှုပုံစံ များကို Power Point ဖြင့် ရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများက အကြံပြုဆွေးနွေးကြသည်။

                   







သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ