နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 နှင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇူလိုင် ၄


ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)မှ ဇူလိုင်လ ၃ရက်က COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဒဂုံမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ၁၃၃ ရပ်ကွက် ရှိစားသောက်ဆိုင်များ၊ လှိုင်နှင့်တာမွေမြို့နယ်မှ KFC ကြက်ကြော်ဆိုင်များ၊ လှိုင်သာယာနှင့်မရမ်းကုန်းမြို့နယ်မှ Seasons Bakery စားသောက်ဆိုင်များအားစစ်ဆေး အသိပညာပေးခြင်း၊ လသာမြို့နယ် သံစျေးအတွင်း အေးခဲအသားများရောင်းချခြင်းရှိ မရှိ စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် လမ်းမတော်မြို့နယ် သူနာပြုအိမ်ရာဝင်း၊ ဗဟန်းစျေး၊ ကမာရွတ်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်(ခ)ရပ်ကွက်၊ အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်  တို့တွင်အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေ၍အသိပညာပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ