ဇွန် ၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများကတွဲဖက်ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း အင်အား (၂၅)ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ် ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းအမိုးပေါ်ရှိ သစ်ရွက်ကြွေ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း အတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ် အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက် နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အတွက် ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန် လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကိုဆောင်ရွက်ကြစဉ်။
ယဉ်မွန်