နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ပရောက်မဲဆန္ဒရှင်များ ပုံစံ(၁၅)ထုတ်ယူရန်နှင့် အချက်အလက်ဖြည့်သွင်းပြီးပြန်လည်ပေးပို့ရန်နေ့ရက်များထုတ်ပြန်ကြေညာခြင်း

ရန်ကုန်  ဇူလိုင်  ၄ ရက်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၈-၁၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေအရ ပြည်ပရောက်မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် ၃-၇-၂၀၂၀ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ ပုံစံ(၁၅)များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် website၊ နိုင်ငံခြားရေးဝန်ကြီးဌာန website နှင့် သက်ဆိုင်ရာသံရုံးများ၏ website များမှလည်း download ရယူနိုင်ကြောင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန်အတွက် အချက်အလက် ဖြည့်သွင်းပြီးသည်များကို သက်ဆိုင်ရာ သံရုံးများသို့ ၁၆-၇-၂၀၂၀ ရက်နေ့မှ ၅-၈-၂၀၂၀ ရက်နေ့အထိ ပေးပို့နိုင်ကြောင်း သိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ