နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်သမ္မတဟောင်း အမာဒီနီဂျက် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်

တီဟီရန်၊ဇွန် ၄

အီရန်နိုင်ငံ၏ သဘောထား တင်းမာသော သမ္မတဟောင်း မိုဟာ မွတ် အမာဒီနီဂျက်သည် ဇွန် ၂၈ ရက်တွင် ကျင်းပမည့် နိုင်ငံ၏ သမ္မတရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်လက ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သမ္မတ အီဘရာဟင် ရိုင်စီ ကွယ်လွန်ပြီးနောက် အီရန်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေခြင်း ဖြစ်ပြီး အုပ်ချုပ်ရေး ကောင်စီအနေဖြင့် သမ္မတဟောင်း အမာဒီနီဂျက်ကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်နိုင် သည်ဟု ဆိုသည်။ 

အီရန် တော်လှန်ရေးအစောင့် တပ်၏ ထိပ်တန်းအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ အမာဒီနီဂျက်သည် ၂၀၀၅ ခုနှစ်တွင် အီရန်သမ္မတအဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင်မူ သမ္မတသက်တမ်း ကန့်သတ်ချက်ကြောင့် ရာထူးက နုတ်ထွက်ခဲ့ရကာ၂၀၁၇ ခုနှစ်တွင် အုပ်ချုပ်ရေးကောင်စီက ယင်းကို ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ် ပြိုင်ခွင့် တားမြစ်ခဲ့သည်။

ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်းသည် အကျိုးစီးပွားအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက သမ္မတဟောင်းကို သတိပေးထားပြီး သမ္မတလောင်း အရည်အချင်းပြည့်မီသူများကို ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။       







(ref:CNN)






အခြားဆက်စပ်သတင်းများ