နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီစွမ်းအင်ကုမ္ပဏီ Aramco အစုရှယ်ယာ ဒေါ်လာ ၁၃ ဘီလီယံ ရောင်းချမည်

ရီယာ့ဒ် ၊ဇွန် ၄

ဆော်ဒီနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Aramco အနေဖြင့် အစုရှယ်ယာ ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံဖိုး ရောင်း ချပြီး ဈေးကွက်ထဲရှိ နိုင်ငံတကာရင်း နှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို စမ်းသပ်သွားမည်ဖြစ်ကြောင်း ဇွန် ၃ ရက်တွင် ထုတ်ပြန်သည်။

ကုမ္ပဏီအစုရှယ်ယာ ၀ ဒသမ ၇ ရာခိုင်နှုန်းကို ထုတ်ရောင်းမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ကနဦး ဈေးကွက်တင်ပြီးနောက်ပိုင်း ဒုတိယ အကြိမ် ရှယ်ယာထုတ်ရောင်းခြင်း ဖြစ်ကာ ကနဦးဈေးကွက်တင်စဉ်က ဆော်ဒီအစိုးရ၏ ထိန်းချုပ်မှု အချို့ ကြောင့် နိုင်ငံတကာဈေးကွက်တွင် စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း သိရ သည်။ 

သို့ရာတွင် အစုပေါ် အမြတ်ခွဲဝေ မှုများပြားခြင်း၊ ရေနံဈေးမာနေခြင်း များကြောင့် ရှယ်ယာတန်ဖိုးအားကောင်း နေဆဲဖြစ်ပြီး ကနဦး ဈေးကွက်တင်စဉ်က ရှယ်ယာတစ်စု လျှင် ဆော်ဒီငွေ ၂၆ ဒသမ ၇ ရီယာယ်သာ ရှိရာမှ ယခုအခါ ၂၉ ရီယာယ်အထိ ရှိလာကြောင်း သိရသည်။

ဆော်ဒီကို အဓိက အုပ်ချုပ်နေသည့် MBS ဟု လူသိများသော အိမ်ရှေ့စံ မင်းသား မိုဟာဘင်ဆဲလ်မန်သည် ဧရာမစီမံကိန်းကြီးများအတွက် ဒေါ်လာ ဘီလီယံချီ သုံးစွဲနေပြီးယင်းစီမံကိန်း များတွင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးသည့်အတွက် Aramco သည် ရှယ်ယာထုတ်ရောင်းပြီး သွယ်ဝိုက်သည့်နည်းဖြင့် ရန်ပုံငွေရှာခြင်း ဖြစ်ကြောင်း သိရသည်။ 








(ref:  Reuters)






အခြားဆက်စပ်သတင်းများ