နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၄) ကျင်းပ

ရန်ကုန်  ဇွန်  ၄

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် များနှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၄)ကို  ယမန်နေ့ညနေ ၅ နာရီခွဲက ရန်ကုန်မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄) ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊  အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် မြို့တော်ဝန်က “မိုးဦးကာလကျရောက်လာ ပြီဖြစ်၍ ရေစီးရေလာကောင်းမွန်ရေး၊ မြစ်ထွက်ပေါက်များ၊ ရေထိန်းတံခါးများ၊ ရေစုပ်ပန့်များ ကောင်းမွန်ရေး အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးခြင်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်များအတွင်းရှိ လမ်း များကောင်းမွန်ရေးဆောင်ရွက်ရန်နှင့် (၇၇)နှစ်မြောက် အာဇာနည် နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးပူးပေါင်းဆောင် ရွက်ကြရန် ”တို့ကို မှာကြား သည်။                                       

ဆက်လက်၍ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာ ယာရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးသည်။








သတင်း/ဓာတ်ပုံ- မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ