နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်  ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင် ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂ဝ၂၄)ကို ယမန်နေ့နံနက်ပိုင်း က တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မေ  ၇  ရက်က ပြုလုပ်ခဲ့သော တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ် စဉ် (၅/၂ဝ၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက် ၍ ဆောင်ရွက်ပြီးစီးမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီရိဝင်းက ဖတ်ကြား တင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အမှာစကားပြောကြားသည်။ 

ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးနှင့်ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြား ချက်များကို ဖတ်ကြားရှင်းလင်း တင်ပြသည်။

ထို့နောက် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ရငွေအကောင် အထည်ဖော်နိုင်မှုနှင့်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက် ခဲ့သောလုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု များကို ရှင်းလင်းတင်ပြကြ သည်။ 

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဌာန ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက တိုင်းဒေသကြီးအတွင်းဆောင် ရွက်လျက်ရှိသည့် လုပ်ငန်း ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က နိဂုံးချုပ်စကားပြောကြား ရာတွင် ကျောင်းသားများ အေး ချမ်းစွာ ပညာသင်ကြားနိုင်ရေး နှင့်                                အတန်းစဉ်ကူးပြောင်းရေးကိစ္စ များကို အခြေခံပညာဦးစီးဌာန နှင့်တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စည်းလုံးညီညွတ် စွာဖြင့် ဌာနလုပ်ငန်းများကို အကောင်းမွန်ဆုံး အတတ်နိုင် ဆုံးအလေးထားဆောင်ရွက်ကြ ရန်နှင့် လိုအပ်သည်များ မှာ ကြားသည်။

       







ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ