နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ကြီးမြို့နယ်တွင် တရားမဝင်သစ်များဖမ်းမိ

ပုသိမ်ကြီး  ဇူလိုင် ၃


မန္တလေးခရိုင်ပုသိမ်ကြီးမြို့နယ်(၁၆)မိုင် စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ ပုသိမ်ကြီး    မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်းများ၊ အုန်းချော နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီက ပုသိမ်ကြီးမြို့နယ်မန္တလေး-ပြင်ဦးလွင်အတက်ကားလမ်း(၁၆)မိုင်စစ်ဆေးရေး စခန်းတွင် ယာဉ်များစစ်ဆေးရာယာဉ်အမှတ် YGN/5B---Nissan Diesel ၁၂ဘီးယာဉ်ပေါ်တွင် တရားမဝင် ပိတောက်ခွဲသား ၇၄ ချောင်း(၅)တန်ခန့်တွေ့ရှိသဖြင့် ဖမ်းဆီးစဉ်ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွား သဖြင့် ဆက်စပ်ပတ်သက်သူများကို  ရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေနှင့်အညီ အရေးယူနိုင်ရေး       ပုသိမ်ကြီးမြို့နယ်အုန်းချောရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။ 


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ