နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme C11 ကို Xiaomi Redmi 9C နှင့်အတူမိတ်ဆက်

ဇူလိုင် ၃


Realme C11 ကိုမလေးရှားဈေးကွက်တွင် Xiaomi Redmi 9C နှင့်အတူမိတ်ဆက်ခဲ့သည်။ ထိုဖုန်းသည် ကျောဘက်တွင် စတုရန်းကွက်ကင်မရာပုံစံကိုပထမဆုံးသုံးသည့် Realmeဖုန်းလည်းဖြစ်သည်။ တန်ဖိုး နည်းဖုန်းဖြစ်ပြီး အကြီးစားဘက်ထရီအသုံးပြုထားပြီး အခြားဖုန်းများကိုလည်း power bank တစ်လုံးကဲ့သို့ အားပြန်သွင်းနိုင်မည့် Reverse Charging စနစ်လည်းပါဝင်သည်။


မျက်နှာပြင် ၆.၅ လက်မ HD+ display ဖြင့်ထွက်ရှိလာပြီး waterdrop notch အသုံးပြုထားသည်။ Realme ၏ အဆိုအရအဆိုပါဖုန်းသည် screen နေရာယူမှု ၈၈.၇ ရာခိုင်နှုန်းအထိရှိသည်။ notch ထဲတွင် 5MP selfie ကင်မရာအသုံးပြုထားပြီးကျောဘက်တွင် dual lens ကင်မရာပါရှိသည်။ fingerprint scanner မပါသည့် အဆိုပါဖုန်းသည် Selfie ကင်မရာကို Face Unlock အတွက်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။


Realme UI နှင့် Android 10 OS လည်းပါဝင်သည်။ Realme C11 သည် Mint Green နှင့် Pepper Grey အရောင်၂ ရောင်ထွက်ရှိထားသည်။ မလေးရှားဈေးကွက်တွင် Realme C11 ကို မလေးရှားရင်းဂစ် ၄၂၉ (မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(WP)






အခြားဆက်စပ်သတင်းများ