နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမတ်နာရီများအတွက် Qualcomm ၏ Snapdragon Wear 4100 နှင့် 4100+

ဇူလိုင်  ၃


Qualcomm က စမတ်နာရီများအတွက် Chipset သစ်များအဖြစ် Snapdragon Wear 4100 နှင့် 4100+ တို့ကို ကြေညာလာသည်။


Wear 4100+ ကို 12nm Process ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး 17.GHz Quad-Core Cortex-A53 CPU ၊ Adreno 504 GPU ပါဝင်ကာ 750MHz LPDDR3 Memory နှင့် eMMC 4.5 Storage ပါဝင်သည်။ Dual ISPs ပါဝင်ကာ 16MP ကင်မရာအထိ ထောက်ပံ့ပေးနိုင်သည်။

Snapdragon Wear 4100+ မှာ ပါဝါသုံးစွဲမှု နည်းပါးရေးအတွက် Always-On (AON) Co-Processor လည်း ပါဝင်သည်။ PMIC ၊ RF for Modem/GPS ၊ Wi-Fi/Bluetooth နှင့် RFFE တို့ ပါဝင်ကာ Snapdragon 4100 မှာ AON Co-Processor မပါဝင်ပေ။


AON Co-Processor က ဘက်ထရီသုံးစွဲမှုကို နည်းပါးအောင် လုပ်ဆောင်ပေးသလို 6K Colors ထောက်ပံ့ပေး နိုင်သည်။ နှလုံးခုန်နှုန်းတိုင်းတာမှုနှင့် အိပ်ချိန်စောင့်ကြည့်မှုကို ဆက်တိုက်ပြုလုပ်နိုင်သည်။

DSP ပါဝင်သလို ပါဝါသုံးစွဲမှုနည်းသည့်စနစ်များ၊ Cat.4 LTE နှင့် Dual Antennas ပါဝင်သည်။ ထို့အပြင် Step Counting ၊ Alarms ၊ Timers ၊ Hptics တို့ ပါဝင်သည်။


Wear 4100 ကို Wi-Fi a/b/g/n နှင့် Bluetooth 5.0 တို့ပါဝင်ပြီး ဘက်ထရီသုံးစွဲမှု ၂၅ ရာခိုင်နှုန်း လျှော့ပေးနိုင်သည်။ Google Wear OS ထောက်ပံ့ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ