နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှတ်ပုံမတင်သော ဆင်းမ်ကတ်များ အားလုံး စတင်ဖျက်သိမ်းလျက်ရှိ

ရန်ကုန်  ဇူလိုင် ၃


မှတ်ပုံမတင်သည့် ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးက ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ယင်းဆင်းကတ် ၏ လက်ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

 မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ်များကို ဇူလိုင် ၁ ရက်ကစပြီး အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။


 "အော်ပရေတာလေးခုလုံးက ဖျက်သိမ်းစာရင်းကို ဒီနေ့ပြုစုနေပြီ ကျွန်တော်ထင်တယ်။ အဲဒီစာရင်းတွေ မနက်ဖြန်သန်ဘက်ခါလောက်ကျွန်တော်တို့ဆီရောက်မယ်။ ၂၀၁၇တုန်းကအဲလိုတစ်ခါ လုပ်ဖူးတယ်။ အဲဒီ တုန်းက ဖျက်သိမ်းဆင်းကတ်တွေဆီကနေ သန်းတစ်ထောင့်ငါးရာဝန်းကျင်ရတယ်။ အဲဒီတုန်းက လူမှုဝန်ထမ်း ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲတဲ့ဆီကိုလှူလိုက်တယ်"ဟုမြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတစ်ဦး ကပြောသည်။

လက်ရှိ ဖျက်သိမ်းပြီး ဆင်းကတ်များ၏ လက်ကျန်ငွေများကိုလည်းစာရင်းတောင်းထားပြီး နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ