နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ် ၁၅၀ ကင်းလွတ်ခွင့် ထပ်မံပေး

ရန်ကုန် ဇူလိုင် ၃


အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိစုစုပေါင်း ၁၅၀ ယူနစ်ကိုငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) တတိယအကြိမ်မြောက် ထပ်မံပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးတိုးမြှင့်ခဲ့သည့် ဇွန်လ ၁ ရက်မှ ဇွန်လ ၃၀ရက်နေ့အထိကာလအတွင်းပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ယူနစ်မှ ၁၅၀ ယူနစ်ထိစုစုပေါင်း ၁၅၀ ယူနစ်ကိုငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ထပ်မံပေးသွားမည်ဖြစ်သည်။


ဧပြီလနှင့် မေလတွင် နှစ်ကြိမ် မီတာယူနစ် ၁၅၀ ကို ကင်းလွတ်ခွင့်ပေးခဲ့ပြီး တတိယအကြိမ်အဖြစ် ဇွန်လကိုကင်းလွတ်ခွင့် ထပ်မံပေးမည်ဖြစ်သည်။ အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ ၁၅၁ယူနစ်နှင့်အထက် သုံးစွဲမှုများကိုအလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်းပေးဆောင်ရမည်ဖြစ် သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်အထိသုံးစွဲသူများကိုသုံးစွဲယူနစ်အလိုက် ဓာတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်ခအပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီးယူနစ် ၁၅၀ အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ