ရန်ကုန် ဇွန် ၃
ကိုရီးယားရောက် မြန်မာများ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးကိစ္စများကို ဇူလိုင်လကစ၍ အွန်လိုင်းချိန်းဆိုမှုစနစ် ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုးလ် မြို့ မြန်မာသံရုံးက အသိပေးကြေညာ သည်။
လာမည့် ဇူလိုင် ၂၂ ရက်ကစပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ကိစ္စများအတွက် သံရုံးသို့ လူကိုယ် တိုင်လာရောက် ကြိုတင်ရက်ချိန်း ယူသည့် Booking စနစ်အစား အွန်လိုင်းချိန်းဆိုမှုစနစ်ကို ပြောင်း လဲသွားမည်ဖြစ်သည်။
မြန်မာသံရုံးအနေဖြင့် ကိုရီးယား နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်း တိုး ကိစ္စဆောင်ရွက်ရန် လူကိုယ်တိုင် ရက်ချိန်းယူရသည့်စနစ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်အထိ ရက်ချိန်း ပေးထားပြီးဖြစ်ကြောင်း သိရသည်။
(008)