နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီတောင်ပိုင်း ရေကြီး၊ အပျက်အစီးများပြား

ဘာလင်၊ ဇွန် ၃

ဂျာမနီနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အပျက်အစီးများပြားလျက်ရှိပြီး မိုး ရွာသွန်းမှုနှင့်မိုးကြိုးမုန်တိုင်းများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မိုးလေ ဝသပညာရှင်များက ခန့်မှန်းထား သည်။

ဘာဗေးရီးယန်းပြည်နယ်ဝန်ကြီး ချုပ်သည် ရေဘေးသင့်ဒေသကို သွားရောက်စစ်ဆေးစဉ်ရေလွှမ်း မိုးမှုကြောင့် မကြုံစဖူး အပျက်အစီး များပြားကြောင်း ပြောကြားကာ ဗဟို အစိုးရအေဂျင်စီ၏ ကယ်ဆယ် ရေး ဝန်ထမ်း ၅၂၀ကျော် ကို ဂျာမနီ တောင်ပိုင်းသို့ စေလွှတ်ပေးထားကြောင်း သိရသည်။

မြူးနစ်အနောက်မြောက်ဘက်ရှိ သြစဘတ်အနီး ဘာဗေးရီးယန်းမြို့ငယ် လေးတွင် ရှမွတ်တာမြစ် ရေလျှံသဖြင့် ရထားလမ်းတံတား ရေနစ် မြုပ်သွားပြီး ရေကြီးမှုကြောင့် လမ်းများနှင့်စိုက် ခင်းများလည်း ထိခိုက်သွားကာ အာဏာ ပိုင် များက ဒေသခံများကို နေအိမ်များမှ ယာယီစွန့်ခွာရန် တိုက်တွန်းထားသည်။

ဂျာမနီမိုးလေဝသဌာန ကျွမ်းကျင် သူများကမူ နိုင်ငံအရှေ့ပိုင်း၊မြောက် ပိုင်းနှင့်တောင်ပိုင်း ပြည်နယ်တို့တွင် ညလုံးပေါက် မိုးသည်းထန်စွာရွာသွန်း နိုင်ပြီး အဆိုပါ မိုးရွာသွန်းမှုသည် ပြင်သစ်သို့ ဆက်လက် ရွေ့လျားသွားနိုင် ကြောင်း ခန့်မှန်းထားသည်။ 






(ref:AP)






အခြားဆက်စပ်သတင်းများ