နယူးဒေလီ၊ ဇွန် ၃
အိန္ဒိယနိုင်ငံတွင် အပူလှိုင်း ဖြတ်သန်းနေခြင်းကြောင့် ဘီဟာ ၊ ဥပတာပရာဒေ့ရှ်နှင့်ဩဒစ်ရှပြည်နယ် များတွင် အပူလျှပ်သေဆုံးသူ အနည်းဆုံး ၃၃ ဦးရှိပြီး ယင်းတို့ထဲတွင် ရွေးကောက်ပွဲ တာဝန်ရှိသူများလည်း ပါဝင်ကြောင်းအာဏာပိုင်များက ဇွန် ၂ ရက်တွင် ပြောသည်။
နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသည့် အပူလှိုင်းဖြတ်သန်းမှုသည် လာမည့် ရက်သတ္တပတ်အထိ ဆက်လက် တည် ရှိနေမည်ဖြစ်ပြီး မြို့တော် နယူးဒေလီ၏ နေရာအချို့တွင် နေ့အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်နီးပါး ရှိနေကြောင်း သိရသည်။
လာမည့်ရက်ပိုင်းအတွင်းနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် နေ့အပူချိန် ကျဆင်းမည် ဟု ခန့်မှန်းထားသော်လည်း နိုင်ငံအရှေ့ ပိုင်းများတွင်မူ နေ့အပူချိန် ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံ၏ အထွေထွေရွေး ကောက်ပွဲ နောက်ဆုံးအဆင့်မဲပေးမှု များကို ပြုလုပ်ပြီးစီးသွား ပြီဖြစ်ရာ ဇွန် ၄ ရက်တွင် မဲအားလုံးရေတွက် ပြီးပါက ရလဒ်ကို ချက်ချင်းကြေညာ ပေးမည်ဖြစ်ကြောင်း သိရသည်။
(ref: BBC)