ဝါရှင်တန်၊ ဇွန် ၃
ဘိုးရင်းလေကြောင်း၏ ပထမဆုံး သော အာကာသယာဉ်မှူး ခရီးစဉ်သည် လွှတ်တင်ရန် မိနစ်အနည်းငယ် အလို တွင် ဖျက်သိမ်းလိုက်ရပြီး ယင်းသို့ ဖျက်သိမ်းလိုက်ရခြင်းကြောင့် စီစဉ် ထားသော လုပ်ငန်းဆောင်တာများ အားလုံး နှောင်နှေးသွားကြောင်း နာဆာ က ဇွန် ၂ ရက်တွင် ထုတ်ပြန်သည်။
ဘိုးရင်း၏ စတားလိုင်နာ အာကာ သ ယာဉ်အခန်းထဲကိုနာဆာ အာကာသ ယာဉ်မှူးနှစ်ဦးက နေရာ ယူထားပြီးချိန် လွှတ်တင်ရန် သုံးမိနစ် နှင့် ၅၀ စက္ကန့် အလိုတွင် ကွန်ပျူတာစနစ် ချို့ယွင်း သွားခြင်း ဖြစ်သည်။
ဒုံးလွှတ်စင်အနီး ကွန်ပျူတာများစွာ ရှိသည့်အနက် တစ်ခုကြောင့် နှောင့်နှေး သွားခြင်းဖြစ်ပြီးလာမည့် ဇွန် ၅ ရက် တွင် ထပ်မံလွှတ်တင်မည်ဟု နာဆာက ဆိုသည်။
ဘိုးရင်းကို အာကာသစခန်းထဲ လူများသယ်ပို့ပေးနိုင်မည့် ဒုတိယ မြောက်ကုမ္ပဏီအဖြစ် သတ်မှတ်ရန် နာဆာက ကြိုးစားနေခြင်းဖြစ်ကာ ပထမဆုံး ကုမ္ပဏီသည် အီလွန်မတ်စ်၏ Space X ဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်က အလားတူ ခရီးမျိုးလွှတ်တင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
(ref:AP)