ဝါရှင်တန်၊ ဇွန် ၃
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)က မွေးကင်းစကလေးများအတွက် အန္တရာယ် ဖြစ်စေနိုင်သည့် ဘက်တီးရီး ယားပိုးမွှားများ ပါဝင်သော ထုတ်ကုန် အမှတ်တံဆိပ်များကို ဧပြီ ၂ ရက်က ကြေညာလိုက်သည်။
အဆိုပါ ထုတ်ကုန်များတွင် Crecelac Infant Powdered Goat-Milk Infant Formula နှင့် Farmalac Baby Powdered Infant Formula၊ Iron Low Formula တို့ ပါဝင်နေပြီး ၎င်းတို့၏ ကုမ္ပဏီများသည် ထုတ်ကုန်များကို မရောင်းချမီ လိုအပ်သည့် ကြိုတင် စျေးကွက် အသိပေးချက်များ တင်သွင်း ခဲ့ခြင်းမရှိကြောင်း သိရသည်။
FDA ၏ စုံစမ်းစစ်ဆေးမှုအရ Crecelac ဖော်မြူလာ နမူနာတွင် Cronobacter ဘက်တီးရီးယား ညစ်ညမ်းမှုကို တွေ့ရှိရပြီး ယင်းသည် ဗဟိုအာရုံကြောစနစ်နှင့်သွေးကြောကို ထိခိုက်စေကာ ဦးနှောက်အမြှေးရောင် သည်အထိ ဖြစ်စေနိုင်သည်ဟု ဆိုသည်။
ထုတ်ကုန်များကို တက္ကဆက်စတိုး ဆိုင်များတွင် ရောင်းချနေပြီး အမေ ရိကန်ပြည်ထောင်စုရှိ အခြားနေရာ များတွင်လည်း ရောင်းချနေနိုင်သဖြင့် တားမြစ်ထားသည့် တံဆိပ်များကို မွေးကင်းစကလေးများသို့ တိုက်ကျွေး ခြင်းမလုပ်ရန် FDA က အကြံပြုထား သည်။
(ref:ABC News)