နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သားရေခွာရုပ်လုံးသွင်းပညာရပ်များ တိမ်ကောမသွားရန် လက်ဆင့်ကမ်း သင်ယူစေလို

ရန်ကုန်၊  ဇွန်  ၃

တိရစ္ဆာန်များကို သားရေခွာ၍ ရုပ်လုံးသွင်းသော အတတ် ပညာသည် ပြည်တွင်း၌ တိမ်ကောလုနီးပါးဖြစ်လာပြီး ယင်း  ပညာရပ်အပေါ် စိတ်ပါဝင်စားသူ နည်းပါးလာသဖြင့် လက်ဆင့် ကမ်းသင်ယူစေလိုကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ရုပ်လုံးသွင်း ပညာ လုပ်ဆောင်နေသူများက ပြောသည်။

သားရေခွာ ရုပ်လုံးသွင်းပညာရပ်သည် သေဆုံးသွားသည့်  တိရစ္ဆာန်များကို မပုပ်သိုးစေရန် သေဆုံးပြီး ၂၄ နာရီအတွင်း ရုပ်လုံးသွင်းပေးရခြင်းဖြစ်ပြီး ရုပ်လုံးသွင်းပြီးသော အကောင်များကို မှန်ဘောင်ထဲ ထားပါက နှစ် ၃၀ ထိ ထားနိုင်ကာ ခြောက်လတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးရန် လိုကြောင်း သိရသည်။

ရုပ်လုံးသွင်းရာတွင် သေဆုံးပြီးသော တိရစ္ဆာန်အကောင်များကို အရေခွံခွာ၍ ပုပ်သိုးနိုင်သည့် အသားနေရာတွင် ကျောက်ဂွမ်း များအစားထိုး ထည့်ပေးရကြောင်း၊ ဦးခေါင်းရိုးနှင့် ခြေဆစ်လက် ဆစ်ရိုးများကိုသာ ပြန်လည်အသုံးပြုပြီး ခန္ဓာကိုယ်ဖရိန်အတွက်မူ သံချောင်းများ အစားထိုးထည့်ပေးရကြောင်း သိရသည်။

ထို့ပြင် အမွှေးအတောင်နံ့များကို ထိန်းပေးနိုင်ရန်နှင့် အမွှေး ခိုင်ခံ့ရန် ကျောက်ချဉ်နှင့် ပရုတ်မှုန့်ကို အသုံးပြုရပြီး သားရေ မထိ ခိုက်စေရန် ဂရုစိုက်လုပ်ကိုင်ရကြောင်း၊ အချောသတ်ပြီးစီးချိန်သည် ရုပ်လုံးသွင်းရသည့် အကောင်ပေါ်မူတည်၍ တစ်ပတ်မှ ဆယ်ရက်အထိ ကြာမြင့်ကြောင်း သိရသည်။ 

 ပြည်တွင်း၌ ရုပ်လုံးသွင်းပညာရပ်ကို လေ့လာနိုင်ရန်  နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် ရုပ်လုံးသွင်းပြခန်း ဖွင့်လှစ်  ထားပြီး အဆိုပါပညာရပ်ကို စာတွေ့/လက်တွေ့ သင်ကြားလေ့လာလို သူများအတွက် သင်တန်းများဖွင့်လှစ်ပေးနေကြောင်း သိရသည်။                                                                             







(008)






အခြားဆက်စပ်သတင်းများ