နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုပ္ပါးတောင်တွင် ဘူမိနယ်မြေသစ်များ ထပ်မံဖော်ထုတ်မည်

ရန်ကုန်၊  ဇွန်  ၃

ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ရန် မတူညီသည့် ဘူမိနယ်မြေအသစ်များ ဆက်လက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန်  အလားအလာကောင်းများရှိသည့် နေရာများတွင် ပုပ္ပားတောင် ဒေသသည် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ဘူမိနယ်မြေ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိဥယျာဉ်အဖြစ် သတ်မှတ် ကြေညာထားပြီးဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် UNESCO သို့ စာရင်းတင်သွင်းရာ၌ သဘောသဘာဝမတူညီသည့် ဘူမိနယ်မြေသစ်များကို ထပ်မံဖော်ထုတ်မည်ဖြစ်ပြီး ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင် စုငွေလုံးငွေရင်းမှ ရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ 

UNESCO ၏ ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်ကို ၂ဝဝ၁ ခုနှစ်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် (၃၉)ခု ရှိပြီး ထိုင်း၊  အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့တွင်လည်း ကမ္ဘာ့ဘူမိဥယျာဉ်များရှိကြောင်း သိရသည်။

                                                 






(008)






အခြားဆက်စပ်သတင်းများ