နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပညာခရီးရှေ့သို့တက်လှမ်းရာ အောင်မြင်စေရေးကြိုးပမ်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန် ၂ ရက်အထိ    တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများလည်း သက်ဆိုင်ရာ ကျောင်းများသို့ လာရောက်၍ ကျောင်းအပ်နှံလျက်ရှိသည်။

 တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း များအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ များနှင့် ဆရာ၊ ဆရာမများက လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူ များနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးလျက်ရှိသည်။

 ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့် ကလေးများ အားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးပြီး၊ မူလတန်းအဆင့်ကျောင်း သား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေး လျက်ရှိသည်။

 ပညာသင်ယူခွင့်သည် လူ့အခွင့်အရေးဖြစ်ပြီး ပညာသင်ယူခွင့် အပေါ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ တစ်နည်းနည်းဖြင့် ပိတ်ပင်ခြင်းတို့မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းပင်ဖြစ်သည်။

လောက၌ ဗဟုသုတနည်းပါးခြင်းသည် မသိနားမလည်မှုကို ဖြစ်စေ၏။ မသိနားမလည်မှုတွင် အချက်အလက်ဆိုင်ရာ မသိနား မလည်မှု၊ အရာဝတ္ထုဆိုင်ရာ မသိနားမလည်မှုနှင့်နည်းစနစ်ဆိုင်ရာ မသိနားမလည်မှုတို့ဖြစ်ကြသည်။ လူအချို့သည် လေ့လာသင်ယူ မှုနှင့်ဖွံ့ဖြိုးမှုတို့အတွက် အချိန်နှင့်အားထုတ်မှုတို့ကို ရင်းနှီးမြှုပ်နှံ လေ့မရှိကြပေ။ လူတို့၏သိရှိမှုကို ရရှိနိုင်စွမ်းမရှိရသည့်အကြောင်း ရင်းတစ်ရပ်တွင် ပညာရေးကိုလက်ခံရရှိနိုင်စွမ်းမရှိခြင်း၊ ပညာရေး အခြေခံအဆောက်အအုံလုံလောက်မှုမရှိခြင်းကြောင့် အသိဉာဏ် ဗဟုသုတရှာဖွေနိုင်စွမ်းမရှိကြ။

လူတိုင်းပညာသင်ယူခွင့်ရှိသည်။ ပညာသင်ကြားရေးသည်  အနည်းဆုံးမူလတန်းနှင့်အခြေခံအဆင့်တို့တွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရဖြစ်ရမည်ဟု ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းအပိုဒ် (၂၆) အပိုဒ်ခွဲ (၁) တွင် ဖော်ပြထား သည်။

 နိုင်ငံတော်တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင် ရာတွင် လူသားအရင်းအမြစ်သည်အဓိကဖြစ်ရာ နိုင်ငံသူနိုင်ငံသား တို့ ပညာရည်မြင့်မားရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိ သည်။ မိဘအုပ်ထိန်းသူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ တာဝန်ရှိသူများနှင့်လူမှုရေး အသိုင်းအဝန်းအားလုံး ပူးပေါင်းကူညီ ဆောင်ရွက်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ