နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာတေဇမုနိစေတီတော်အတွင်း ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇွန်   ၃

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း  များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆောင်ရွက်လျက်ရှိ သည့် လှိုင်သာယာမြို့နယ်၊ မဟာတေဇမုနိ စေတီတော် အတွင်း ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှု များကို သွားရောက်ကြည့်ရှုစစ်ဆေးကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ်းထိန်း  လုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးက ပင်မစေ‌တီတော်အနီး ကမ်းပြို ခြင်းကို ဘိုးပိုင်အခြေပြု သံကူကွန်ကရစ် မြေထိန်းနံရံ အလျား (၂၀၀) ပေ တည်ဆောက် ပြီးစီမှု၊ ရင်ပြင်တော် အလျား ၁၄၀ ပေ၊ အကျယ် ၂၈ ပေ ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု၊ နဂါးရုံဘုရားနားတွင် အလျား ၁၅၄ ပေ၊ အနံ ၃၂ ပေရှိ ရင်ပြင်တော် ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း များအားလုံး၏ ၉၈ ရာခိုင်နှုန်း ခန့် ပြီးစီးနေမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြား သည်။








ဆန်းကျော်ဦး 

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ