နယူးဒေလီ ဇွန် ၂
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှထရာ ပြည်နယ်တွင် ဒေသခံများသည် ပြင်းထန်သည့် အပူလှိုင်းနှင့် ရေပြတ်လပ်မှုကို ကြုံတွေ့ နေရသဖြင့် ညစ်ညမ်းရေများကို သောက်သုံးနေရကြောင်း သိရသည်။
အခြားရေအရင်းအမြစ် မရှိဘဲ ညစ်ညမ်းရေသောက်မိခြင်းကြောင့် နေမကောင်းဖြစ်ပြီး ကလေးအချို့ ဆေးရုံတင် ကုသနေရကြောင်း၊ အချို့ကမူ ညစ်ညမ်းသည့်ရေကို စစ်ထုတ်ပြီး စုဆောင်းရန် ရေကန်အနီး တွင်းငယ်များ တူးထားကြကြောင်း သိရသည်။
ယခုနှစ် အစောပိုင်းတွင် အိန္ဒိယနိုင်ငံ ၏ အဓိကရေလှောင်ကန်များသည် အပူလှိုင်း မစတင်မီ ငါးနှစ်တာကာလ ကပင် သန့်ရှင်းမှု အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိလာကြောင်း သိရသည်။
(ref: CNA)