နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါဇာတွင် စားနပ်ရိက္ခာရောင်းချခွင့် အစ္စရေးခွင့်ပြု

ဂါဇာ ဇွန် ၂

ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစားအစာ ရောင်းချမှု တားမြစ်ချက်ကို အစ္စရေး က ပြန်လည်  ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားများက ဇွန် ၁ ရက် တွင် ပြောသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာတောင်ဘက်စွန်းရှိ ရာဖာမြို့ ကို ထိုးစစ်ဆင်ပြီးနောက် ရက်ပိုင်း အကြာတွင် လတ်ဆတ်သည့် သစ်သီး များ ၊ ဟင်းသီးဟင်းရွက်များနှင့် နို့ ထွက်ပစ္စည်းကဲ့သို့ စားစရာများကို အစ္စရေးနှင့် ပါလက်စတိုင်း ကုန်ပေး သွင်းသူများထံမှ ပြန်လည်ဝယ်ယူရန် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

အစ္စရေးနယ်မြေ သို့မဟုတ် အနောက်ဘက်ကမ်းအတွင်း ထုတ် လုပ်ထားသည့် ကုန်ပစ္စည်းများကို ဂါဇာကမ်းမြောင်သို့ ပထမဆုံးအကြိမ် တင်သွင်းခွင့်ပြုခြင်းဖြစ်ပြီး လူသား ချင်းစာနာထောက်ထားမှု အကူအညီ များကို မြှင့်တင်ရန်နှင့် ဂါဇာတွင် ရောင်းချသည့် အစားအစာ ပမာဏကို တိုးမြှင့်ရန် နည်းလမ်းများကို ရှာဖွေ နေကြောင်း သိရသည်။

ဂါဇာသို့ တစ်ရက်လျှင် စားနပ် ရိက္ခာ တန်ချိန် ၂၀ အထိ တင်ဆောင် လာသည့် ထရပ်ကား အစီးရေ ၂၀ မှ ၁၅၀ ကြား  ဝင်ရောက်နေပြီး အမေရိကန်  နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီကမူ ငတ်မွတ် ခေါင်းပါးမှုအန္တရာယ်ကို ဖြေရှင်းရန် အတွက် တစ်ရက်လျှင် ကုန်တင်ကား အစီးရေ ၆၀၀ ထက်မနည်း လိုအပ် သည်ဟုဆိုသည်။    







(ref:Reuters)






အခြားဆက်စပ်သတင်းများ