မက်ဒရစ် ဇွန် ၂
စပိန်ရဲတပ်ဖွဲ့သည် ဇွန် ၁ ရက်ည လန်ဒန်တွင်ကစားမည့် ရီးရဲလ် မက်ဒရစ်နှင့် ဒေါ့မွန်အသင်းတို့၏ ချန်ပီ ယံလိဂ် ဖိုင်နယ်ပွဲစဉ်နှင့် ဇူလိုင်လတွင် ဂျာမနီ၌ ကျင်းပမည့် ဥရောပ ချန်ပီယံ ရှစ်ပြိုင်ပွဲများအတွက် စပိန်တွင် ရောင်းချမည့် ဘောလုံးအသင်းအင်္ကျီ အတု ၁၁ တန်ကို ဖမ်းဆီးသိမ်းဆည်း ထားကြောင်း ပြောသည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများ တွင် ပေါ်တူဂီကစားသမား ခရစ္စတီ ယာနိုရော်နယ်ဒို၊ ပြင်သစ်မှ ကီလီယန် အမ်ဘာပေ၊ စပိန်နိုင်ငံ လက်ရွေးစင် အသင်း၊ ရီးရဲလ် မက်ဒရစ်နှင့် ဘာစီ လိုနာ အသင်းအင်္ကျီများ ပါဝင်ပြီး စျေးကွက်တန်ဖိုး ယူရိုခြောက်သန်း ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် အကြီးစားကုန် ကား ၁၅ စီးကို ရှာဖွေစဉ် ဇိမ်ခံလက် ပတ်နာရီများ၊ သားရေပစ္စည်းများနှင့် အီလက်ထရွန်းနစ်ပစ္စည်းအတုများ ကြားတွင် အားကစား ဂျာစီအင်္ကျီ အတု များကို တွေ့ရှိခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလကလည်း တရုတ် နိုင်ငံမှ ပေးပို့သည့် စပိန်ဘောလုံး အသင်း အင်္ကျီအတု နှစ်တန်ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်နှင့် ယူရိုဖိုင်နယ်ပွဲများ မတိုင်မီ အေးဂျင့် ၂၀ ကျော်နှင့် စစ်ဆင်ရေး ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
(ref:AP)