ပြုံယမ်း ဇွန် ၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် အလွန်ကြီးမားသည့် ၆၀၀ မီလီမီတာရှိ ဒုံးပစ်လောင်ချာ (MLRS) ပစ်ခတ်လေ့ကျင့်မှုကို ကိုယ် တိုင်လမ်းညွှန်ပြသလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဇွန် ၁ ရက်တွင် ထုတ်ပြန်သည်။
MLRS လက်နက်ကြီးသည် လောင်ချာ အများအပြားပါရှိသည့် ဒုံးပျံအမြောက်စနစ် အမျိုးအစား ဖြစ်ပြီး တောင်ကိုရီးယားအစိုးရကို ကြိုတင်ကာကွယ် တိုက်ခိုက်ရန် ဆန္ဒ ရှိကြောင်း ပြသသည့်အနေဖြင့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
KN-25s ဟု သိထားကြသည့် ဒုံးကျည် ၁၈ စင်းသည် မိုဘိုင်းလ် ဒုံးလွှတ်စင်များကတစ်ဆင့် ဝေဟင် ထဲသို့ တက်လာပြီး မြောက် ကိုရီးယား၏ တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ၁၀ စင်း ထက်မနည်းကို အရှေ့ဘက်ကမ်းရိုး တန်းတွင် ထောက်လှမ်းတွေ့ရှိသည် ဟု တောင်ကိုရီးယားက ပြောကြားပြီး နောက် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပဲ့ထိန်းဒုံးကျည် နည်းပညာသည် အဆင်အခြင်မဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ရှုတ်ချထားပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အများအပြားကို ချိုး ဖောက်ရာရောက်ကြောင်း ပြောကြား ထားသည်။
(ref: Reuters)