ဘန်ကောက် ဇွန် ၂
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသား အများစုကို တရားမဝင် ကာလရှည် ကြာနေထိုင်ခွင့်ရရန် ထိုင်းကုမ္ပဏီ အမည်များ အသုံးချ၍ ကူညီပေး နေသော ကွန်ရက်တစ်ခုကို ဖြိုခွင်းလိုက်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက မေ ၃၁ ရက်တွင် ပြောသည်။
နိုင်ငံခြားသားများသည် ထိုင်း နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သော်လည်း သတ်မှတ် ထားသည့် ကိစ္စအချို့မှလွဲ၍ ထိုင်းမိတ် ဖက်တစ်ဦးနှင့် ဖက်စပ်လုပ်ကိုင်ရမည် ဖြစ်ပြီး ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းကို ကာကွယ်ရန် နိုင်ငံခြားသားများအနေဖြင့် ၄၉ ရာခိုင်နှုန်း ထက်ပို၍ ပိုင်ဆိုင်ခွင့် မရှိ ကြောင်း သိရသည်။
ယခုဖမ်းဆီးထားသော တရားမဝင် ဂိုဏ်းသည် နိုင်ငံခြားသားများအား ထိုင်း မိတ်ဖက်တစ်ဦးနှင့် စီးပွားရေး လုပ်ငန်း တစ်ခုတွင် အစုရှယ်ယာ ရှင်အဖြစ် စာရင်းသွင်းနိုင်ရန် သို့မဟုတ် အလုပ်ပါမစ်ရရန်အတွက် ထိုင်းလူမျိုး များပိုင်ဆိုင်သည့် အမည်ခံ ကုမ္ပဏီကို အသုံးချ၍ ကမ်းလှမ်းမှုများပြုလုပ် နေခြင်းဖြစ်ကြောင်း စီးပွားရေးမှုခင်း နှိမ်နင်းရေးဌာန ရဲမှူးက ပြောသည်။
လက်ရှိတွင် အဆိုပါဂိုဏ်းမှ စုစုပေါင်းနိုင်ငံခြားသား ၉၈ ဦးကို ခွင့်ပြုမိန့်မရှိဘဲ စီးပွားရေး လုပ်ငန်း များလုပ်ကိုင်မှုဖြင့် တရားစွဲ ထားပြီး အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်နှင့် ဒဏ်ငွေ ဘတ် ၁ သန်း (အမေရိကန် ဒေါ်လာ ၂၇,၀၀၀) ချမှတ်မည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။
(ref: CNA)