နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖီနာဘာချီအသင်းက နည်းပြ မော်ရင်ဟိုကို ခန့်အပ်ရန် သဘောတူညီမှုရရှိ

ဇွန်  ၁

တူကီယဲကလပ် ဖီနာဘာချီ အသင်းက နည်းပြ မော်ရင်ဟို ကို နှစ်နှစ်စာချုပ်အပြင် နောက် ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ဖြင့် နည်းပြသစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ဖီနာဘာချီ အသင်းသည် ယခုနှစ် ဘောလုံးရာသီ တူကီယဲ စူပါလိဂ်ပြိုင်ပွဲတွင် အဆင့် ၂ နေရာဖြင့်သာ ရာသီသိမ်းခဲ့ပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရသဖြင့် နည်းပြ ကာတယ်နှင့် လမ်းခွဲခဲ့ ကာ နည်းပြသစ်အဖြစ် မော်ရင်ဟို ကို ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၆၁ နှစ်အရွယ်ရှိ နည်းပြ မော်ရင်ဟိုသည် ဥရောပ ထိပ်တန်းကလပ် အသင်းကြီး များဖြစ်သည့် ပေါ်တိုအသင်း၊ ချဲလ်ဆီးအသင်း၊ အင်တာမီလန် အသင်း၊ ရီးရဲလ်မက်ဒရစ်အသင်း၊ မန်ယူအသင်း၊ စပါးအသင်းနှင့် ရိုးမားအသင်းတို့ကို တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလား များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ သူဖြစ်သည်။

နည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် ဘောလုံးရာသီ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ရိုးမား အသင်း နည်းပြ ရာထူးမှ ထုတ် ပယ်ခံခဲ့ရပြီးနောက် ကလပ် အသင်းလက်မဲ့ ဖြစ်နေရာ ယခု အခါတွင် ဖီနာဘာချီအသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ