နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူများ လေပူဖောင်းအန္တရာယ် သတိပြုရန် တောင်ကိုရီးယားအစိုးရ ကြေညာချက်ထုတ်

ဆိုးလ် ဇွန် ၁

မြောက်ကိုရီးယားဘက်မှ အမှိုက် ၊ မစင်ထုပ်များ ပါဝင်သည့် မိုးပျံပူဖောင်းများ လွှတ်တင်နေခြင်း ကြောင့် နယ်စပ်အနီး နေထိုင်သည့် ဒေသခံများကို  အန္တရာယ်သတိပြု နေထိုင်ကြရန် တောင်ကိုရီးယား အစိုးရက မေ ၃၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်သည့် ဗီဒီယိုအရ အဖြူရောင် မိုးပျံပူဖောင်းများတွင်  မြောက် ကိုရီးယား ဆပ်ပြာစက်ရုံနာမည် ပါသည့် ပုလင်းလွတ်တစ်လုံးနှင့် အမှိုက်ထုပ် များကို တွေ့ရသည်ဟု ဆိုသည်။

အညစ်အကြေးပါသည့် မိုးပျံ ပူဖောင်း စုစုပေါင်းအလုံးရေ ၂၆၀ ကျော် ကို ခြေရာခံ တွေ့ရှိထားပြီး အချို့ သည် တောင်ကိုရီးယားပိုင်နက်သို့ ပြုတ်ကျ လာကာ အချို့သည် လေထဲ တွင် ဝဲပျံနေ ဆဲဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရသည် အဆိုပါအရာ၀တ္ထုများကို စစ်ဆေးရန် နှင့် သိမ်းဆည်းရှင်းလင်းရန်အတွက် မိုင်းရှင်းလင်း ရေးအဖွဲ့ ၊ ဓာတု နှင့် ဇီ၀ လက်နက်တုံ့ပြန်ရေး အဖွဲ့များကို စေလွှတ်တပ်ဖြန့်ထားပြီး ပြည်သူ လူထု ကိုလည်း ယင်းအရာ၀တ္ထုများ အနီး မနေကြရန်နှင့် တွေ့ရှိပါက အကြောင်း ကြားရန် ညွှန်ကြားထားကြောင်း သိရ သည်။                                 







(ref:AP)






အခြားဆက်စပ်သတင်းများ