ဘန်ကောက် ဇွန် ၁
ထိုင်းအာဏာပိုင်များသည် အွန်လိုင်း ဖုန်းခေါ်ဆိုရေးစင်တာဂိုဏ်း များကို ပစ်မှတ်ထားသည့် စစ်ဆင်ရေး ကြီး တစ်ခုကို စတင်လုပ် ဆောင်နေပြီး နိုင်ငံတစ်ဝန်းရှိ သံသယရှိနေရာများ ကို မေ ၃၁ ရက်က ဝင်ရောက်စီးနင်းရာ သံသယရှိသူခုနစ်ဦးကို မြန်နှုန်းမြင့် ဆင်းမ် ဘောက်စ်စက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် အကောက်ခွန်ဦးစီးဌာန၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ အမျိုးသား အသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) တို့နှင့် ပူးပေါင်း၍ ယခုစစ်ဆင်ရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို ဌာနချုပ်က ထုတ်ပြန်သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများ တွင် ဆင်းမ်ဘောက်စ် စက် ၁၀၂ လုံး၊ စတားလင့်ခ် ဂြိုလ်တုအင်တာနက် လက်ခံစက် ၁၃၄ လုံး၊ ဆင်းမ်ကတ် ၅၀,၀၀၀ ၊ အချက်ပြဖြန့်ဖြူးရေး ကိရိယာများ၊ ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊GSM gateway စက် ၉၆ လုံး၊ ကွန်ပျူတာ ၁၈ လုံး၊ နိုင်ငံခြားဆင်းမ်ကတ် ၂၇၀၁၉ လုံး (ဟောင်ကောင်) နှင့် ထိုင်းဆင်းမ်ကတ် ၆၇၇၀ တို့ ပါဝင်သည်။
နည်းပညာနှင့်ပတ်သက်သည့် ရာဇ၀တ်မှုများတွင် အသုံးပြုနိုင် ကြောင်း သံသယရှိသည့် စတားလင့်ခ် စက် ၂၁ လုံးနှင့် ဆင်းမ်ကတ် ထောင်ပေါင်းများစွာ တင်သွင်းမှုနှင့် ပတ်သက်၍ သုဝဏ္ဏဘူမိလေဆိပ်ရှိ အကောက်ခွန်အရာရှိများအနေဖြင့် ကြိုတင် သတိပေးထားသော်လည်း လိုက်နာမှုအားနည်းနေကြောင်း သိရ သည်။
(ref: Bangkok Post)